Thursday, April 13, 2017

စစ်ပွဲတင်းမာမှု နောက်ဆုံးသတင်းများ --------------------------------------------

- မြောက်ပစိဖိတ်တလျှောက် မြောက်ကိုရီးယားကို ချီတက်လာတဲ့ USS Carl Vinson မဟာဗျူဟာတိုက်ခိုက်ရေး ရေတပ်ဖွဲ့ဟာ ကိုရီးယား ကျွန်းဆွယ်ကို မကြာမီ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

- ဒုတိယကမ္ဘာစစ်ရဲ့ ဘီလူးကြီး ဂျပန်ဟာ နောက်ဆုံးတော့ ရှေ့ထွက်လာခဲ့ပါပီ။ မြောက်မြားလှစွာသော ဂျပန်သင်္ဘောတွေကို လွန်ခဲ့တဲ့ နာရီပိုင်းကပဲ  USS Carl Vinson နဲ့ ပူးပေါင်းပီး ကိုရီးယားကျွန်းဆွယ်ကို ချီတက်ဖို့ အမိန့်ပေးလိုက်ပါပီ။ အမေရိကန် တိုက်ခိုက်ရေးသင်္ဘောအုပ်စု အရှေ့တရုတ်ပင်လယ်ကို ဖြတ်တာနဲ့ ဂျပန်သင်္ဘောတွေက ပူးပေါင်းပီးချီတက်တော့မှာပါ။ လက်ရှိဂျပန်ရေတပ်ဟာ အမေရိကန်ပီးရင် အင်အားအကြီးဆုံးလို့ ယခုနှစ်ထုတ် Defense Journal က ထုတ်ပြန်ထားပါတယ်။

- တရုတ်ကတော့ မြောက်ကိုရီးယားနယ်စပ်မှာ သူ့စစ်တပ် လူဦးရေ ၁ သိန်းခွဲကို တပ်စွဲထားလိုက်ပါတယ်။ နောက်ပီးတော့ မြောက်ကိုရီးယားကို အဓိကပံ့ပိုးပေးထားတဲ့ သူရဲ့ ကျောက်မီးသွေးစာချုပ်ကို ဖျက်သိမ်းလိုက်ပါတယ်။ မြောက်ကိုရီးယားက အတော်အထိနာသွားပါတယ်။ အဲဒီပိုက်ဆံက လက်ရှိအဓိက သုံးစွဲနေရတဲ့ပိုက်ဆံပါ။

- တောင်နဲ့ အမေရိကန်လေ့ကျင့်ထားပုံအရဆို ထရန့်ဟာ အထူး Seals တပ်ဖွဲ့အကုအညီနဲ့ ကင်ဂျုံအန်ကို လုပ်ကြံဖွယ်ရပါတယ်။ USS Carl Vinson ဟာ အခု ကိုရီးယားကျွန်းဆွယ်နားမှာ ရှိနေပီး US Fleet 3 က အရှေ့တောင်အာရှ ကျနော်တို့အနားမှာ ရှိနေပီး US Fleet 7 ကတော့ ဂျပန်မှာ ရှိနေပါပီ။ ဒီအင်အားဟာ ဂျပန်၊ ကိုရီးယားနဲ့ သူ့မဟာမိတ်တွေနဲ့ ပေါင်းလိုက်ရင် အာရှတိုက်ကို သိမ်းလို့ရနေပါပီ။ ထရန့်ကတော့ ဘာတွေလုပ်နေသလဲဆိုတာ မသိတော့ပါဘူး။ အခြေအနေကတော့ အတော်ကို ပြင်းထန်နေပီး တရုတ်ကတော့ ဖြစ်နိုင်ရင်တော့ မြောက်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့တိုက်တွန်းပီး စစ်ပွဲအတွက် အမေရိကန်ဘက်ကို ယိမ်းသွားပါပီ။

- တရုတ်သမ္မတ ရှီကျင့်ပင်က ထရန့်ဆီဖုန်းဆက်ပီး ကိုရီးယားကျွန်းဆွယ်မှာ နူလက်နက်ကင်းစင်ဖို့ သူတို့ ငြိမ်းချမ်းစွာကြိုးပမ်းမယ်လို့ ပြောကြားပီး ဒေါသရှေ့မထားဖို့ ဖျောင်းဖြခဲ့ပါတယ်။ ထရန့်က မြောက်ကိုရီးယားကို တိုက်ခိုက်ဖို့ တရုတ်ကူညီရင် အဆင်ပြေမယ်။ မပါရင်လဲ တနိုင်ငံထဲ တိုက်ပြမယ်လို့ Twitter မှာရေးသားပီးတဲ့နောက် ချက်ခြင်းတရုတ်က ထရန့်ကို စစ်မတိုက်ဖို့ ဖျောင်းဖျတာဖြစ်ပါတယ်။

- နောက်ဆုံးသတင်းများအရ အမေရိကန်က တကမ္ဘာလုံးက အမေရိကန်တပ်တွေကို အသင့်ပြင်ထားဖို့ ပြောထားပီး တရုတ်ကတော့ တတိုင်းပြည်လုံးကို တပ်လှန့်ထားလိုက်ပါပီ။ စစ်ပွဲကတော့ ဒီတပတ် မြောက်ကိုရီးယားက ဒုံးကျည်တလုံး ပစ်တာနဲ့ စတင်ဖို့ များနေပါပီ။
Credit :::::

No comments:

Post a Comment

Jackie_Chan ( အနောက်ကမ္ဘာကိုလွှမ်းမိုးဖို့ မွေးဖွားလာတဲ့အာရှသား (သို့ ) ကမ္ဘာ့ရုပ်ရှင်သ မိုင်းမှာလူသားတဦးမလုပ်နိုင်တာကိုလုပ်ပြခဲ့တဲ့ ဂင်းနစ်စံချိန်ရှင်(သို့)သုညတလုံးရဲ့အတ္ထုပတ္တိ

……………………………………………………………………… . . . . . . .              ဒုတိယကမ္ဘာစစ်အပြီးစစ်အတွင်းမှာ အသိမ်းခံရတဲ့နိုင်ငံတွေရော အသိမ်းမခံရတဲ့နိုင်ငံ ...

Feature Articles