Thursday, April 13, 2017

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးတွေရဲ့အကျင့်(၅)မျိုး

   ချမ်းသာကြွယ်ဝတဲ့လူတယောက်တိုင်းမှာလျှို့ဝှက်ချက်ကိုယ်စီရှိကြပါတယ်။သူတို့ ကအဲ့လျှို့ဝှက်ချက်တွေကိုတန်ဖိုးထားကြတယ်။အဲ့သည်အရာတွေကသူတို့ ကိုချမ်းသာကြွယ်ဝစေတာကိုး။
1. သူတို့ ဟာရည်မှန်းချက်ကြီးကြီးမားမားထားသူတွေဖြစ်ကြပါတယ်။သူတို့ ဟာသူတို့ ရဲ့ပန်းတိုင်ကိုသက်မှတ်ထားကြတယ်။သူတို့ ဟာသူတို့ ရဲ့ပန်းတိုင်ကိုသေသေချာချာစွဲစွဲမြဲမြဲနဲ့ ကိုင်ဆွဲပြီး အောင်မြင်တဲ့အထိကြိုးစားကြတဲ့သူတွေဖြစ်ပါတယ်။ရည်မှန်းချက်ထားခြင်းကအောင်မြင်ဖို့ လမ်းစတွေကိုတွေ့ မြင်ရဖို့ ကူညီပေးသလို အောင်မြင်မှုရဲ့အရသာကိုလည်းခံစားမိစေပါတယ်။
2. သူတို့ ဟာအရာတခုပေါ်မှာဘဲစိတ်နှစ်ထားကြတယ်။လေဆာရောင်ခြည်တန်းလေးတခုဟာဘယ်လောက်မာကျောတဲ့အရာကိုမဆိုဖြတ်တောက်နိုင်တယ်။ဘာလို့ လဲဆိုတော့ မာကျောတဲ့အရာတခုအရေမပျော်ခင်သူဟာ အစက်အပျောက်လေးတခုထဲကိုအားပြင်းပြင်းနဲ့ ဖိအားပေးထားနိုင်တာပါ။ချမ်းသာတဲ့လူတွေဟာလည်းအဲလိုပါဘဲ။သူတို့ ဟာရည်မှန်းချက်ကြီးကြီးမားမားတွေထားကြတယ်။အဲ့ရည်မှန်းချက်တွေကိုဘဲအာရုံထားပြီး ကိုယ်စွမ်း ညဏ်စွမ်းရှိသလောက် အားကုန်မျှော်မှန်းထားတဲ့ရည်မှန်းချက်တွေရတဲ့အထိကြိုးစားကြတယ်။သာမန်လူတွေကမိမိရည်မှန်းချက်ကိုတစိုက်မတ်မတ်အာရုံမထားနိုင်ကြဘူး။သူတို့ ဟာဘဝမှာဘာဘဲလာလာလုပ်မယ်ဆိုတဲ့အတွေးတွေနဲ့ ဘဝကြီးကိုတိုးတတ်အောင်မလူပ်နိုင်ကြသေးတာပါ။သင်ဟာချမ်းသာအောင်မြင်ချင်တယ်ဆိုရင်မိမိရည်းမှန်းချက်တွေကိုတစိုက်စိုက်မတ်မတ်နဲ့ အာရုံထားကြိုးစားဖို့ လိုပါတယ်။
3. သူတို့ ဟာအချိန်ကိုလေးစားကြတယ်။သူတို့ ဟာနာရီတိုင်းနာရီတိုင်းမှာဘယ်လောက်ဝင်ငွေရှာနိုင်သလဲဆိုတာသူတို့ ကိုသူတို့ အမြဲဆန်းစစ်ကြတယ်။သူတို့ ဟာတိုးတတ်မှုမရှိတဲ့အရာတွေပေါ်မှာအချိန်တွေကုန်ဆုံးမိနေတယ်ဆိုရင်သူတို့ ဟာဘယ်လောက်ထိအချိန်တွေဖြုံးတီးခဲ့မိပြီလဲဆိုတာပြန်လည်တိုင်းတာကြပါတယ်။ချမ်းသာတဲ့သူတွေဟာဆိုရှယ်မီဒီယာတွေ, ရုပ်ရှင်ကြည့်တာတွေနဲ့ အချိန်ဖြုံးလေ့မရှိပါဘူး။သူတို့ ဟာနာရီနဲ့ အမျှ အချိန်ကိုတန်ဖိုးထားအလုပ်လုပ်ကိုင်ကြပြီးသူတို့ ရဲ့တန်ဖိုးရှိတဲ့မိနစ်တိုင်း မိနစ်တိုင်းကိုအကောင်းဆုံးပုံဖော်နေကြသူတွေပါ။
4. သူတို့ ဟာသူတို့ ရှာနိုင်တာထက်လျော့ပြီးသူံးတယ်။ဒါကချမ်းသာကြွယ်ဝဖို့ လျှို့ ဝှက်ချက်တခုဘဲ။အတွေးအခေါ်ခေါင်းပါးတဲ့သူတွေကတော့သူတို့ ဝင်ငွေများလေလေသူတို့ သုံဖြူံးနိုင်လေလေ လမ်းစဉ်လိုက်ကြတာပါဘဲ။သူတို့ ဟာကားအကောင်းစားကြီးတွေ, အိမ်အကောင်းစားကြီးတွေဝယ်ယူကြတယ်။နောက်ဆူံးကျသူတို့ ဟာ ဆင်းရဲသူဆင်းရဲ, သာမန်ဘဝနဲ့ ဘဲဘဝမှာအရှုံးသမားဘွဲ့ ခံယူသွားကြတာပါဘဲ။"သင်ရှာတဲ့အရာရဲ့၁၀%ကိုစုပါတဲ့"ကမ္ဘာကျော်သူဌေးကြီးWarren Buffet ကပြောဖူးတယ်။"သုံးပြီးလို့ ကျန်တာကိုမစုနဲ့ , စုပြီးလို့ ကျန်တာကိုသုံးတဲ့"ခင်ဗြားတို့ လည်းကိုယ်ပိုင်စာရင်းဇယားလေးတွေနဲ့ လုပ်ကိုင်ကြရင်တနေ့ အောင်မြင်လာမှာပါ။
5. သူတို့ ဟာအလုပ်အရမ်းကြိုးစားကြတယ်။ပျင်းရိတဲ့သူဌေးဆိုတာမရှိပါဘူး။သူဌေးတွေဟာအလုပ်ကိုအရမ်းကြိုးစားပြီးအမြဲမပြတ်တစိုက်မတ်မတ်နဲ့ အလုပ်လုပ်ကိုင်သူတွေဖြစ်ပါတယ်။အလုပ်ကြိုးစားတဲ့လူတွေဟာဘယ်တော့မှသူများနောက်မှာမနေရဘူး။အလုပ်သမားဘဲဖြစ်ဖြစ်, အလုပ်ရှင်ဘဲဖြစ်ဖြစ်အမြဲထိပ်ဆုံးမှာနေရာရကြပါတယ်။သူတို့ ဟာသာမန်လူတွေမလုပ်နိုင်တာတွေကိုအမြဲလုပ်ကြတယ်။

     credit#Toptenteam

No comments:

Post a Comment

Jackie_Chan ( အနောက်ကမ္ဘာကိုလွှမ်းမိုးဖို့ မွေးဖွားလာတဲ့အာရှသား (သို့ ) ကမ္ဘာ့ရုပ်ရှင်သ မိုင်းမှာလူသားတဦးမလုပ်နိုင်တာကိုလုပ်ပြခဲ့တဲ့ ဂင်းနစ်စံချိန်ရှင်(သို့)သုညတလုံးရဲ့အတ္ထုပတ္တိ

……………………………………………………………………… . . . . . . .              ဒုတိယကမ္ဘာစစ်အပြီးစစ်အတွင်းမှာ အသိမ်းခံရတဲ့နိုင်ငံတွေရော အသိမ်းမခံရတဲ့နိုင်ငံ ...

Feature Articles