Thursday, April 20, 2017

Jackie_Chan ( အနောက်ကမ္ဘာကိုလွှမ်းမိုးဖို့ မွေးဖွားလာတဲ့အာရှသား (သို့ ) ကမ္ဘာ့ရုပ်ရှင်သ မိုင်းမှာလူသားတဦးမလုပ်နိုင်တာကိုလုပ်ပြခဲ့တဲ့ ဂင်းနစ်စံချိန်ရှင်(သို့)သုညတလုံးရဲ့အတ္ထုပတ္တိ

………………………………………………………………………
.
.
.
.
.
.
.              ဒုတိယကမ္ဘာစစ်အပြီးစစ်အတွင်းမှာ
အသိမ်းခံရတဲ့နိုင်ငံတွေရော အသိမ်းမခံရတဲ့နိုင်ငံ
တွေပါဒုတိယကမ္ဘာစစ်ကြီးရဲ့နောက်တက်တွဲဆိုး
ကျိုးကိုအလူးအလဲခံခဲ့ကြရပါတယ်။ ဒီအထဲမှာ
အာရှကနိုင်ငံတွေလဲအပါအဝင်ပေါ့။မြန်မာမှာလဲ
ဗ်ုလ်ချုပ်ကွယ်လွန်အပြီးသူတလူငါတမင်းအာ
ဏာရှင်တွေရဲ့ခေတ်တခုကိုကျရောက်လာချိန်။
ဒီလိုပဲအိမ်နီးချင်းတရုတ်နိုင်ငံမှာလဲပြည်တွင်းစစ်
ကြီးစတင်လာခဲ့ပီး ထိုင်ဝမ် တရုတ်ပြည်မပြည်
တွင်းစစ်တွေအာဏာလုပွဲတွေစတင်လာခဲ့ပါပီ။
ဒီအချိန်မှာတရုတ်ပြည်မကြီးရဲ့ထောက်လှမ်းရေး
စစ်တပ်ကအရာခံဗိုလ်တယောက်ဖြစ်တဲ့ချာလီ
ကလဲ ဟောင်ကောင်ကိုSpyအနေနဲ့ရောက်နေ
တာ၎နှစ်ကြာကာလ သူ့ဇနီးလီလီချန်းဟာလဲ
အကမယ်တယောက်အဖြစ်ရော သံရုံးမိသားစု
တခုရဲ့အိမ်အကူအနေနဲ့ရော တဖက်မှာလဲထိုင်ဝမ်
ရာမဂိုဏ်းတခုမှာ မူးယစ်ဆေးရောင်းချသူအဖြစ်
ပါလုပ်ကိုင်နေသူ။ ချာလီကသူ့မိန်းမခုလိုဥပဒေ
နဲ့မလွတ်ကင်းတာတွေလုပ်နေတာကိုသိတယ်။
ဒါပေမယ့်ခေတ်အနေအထားအရရောမိသားစု
စားဝတ်နေရေးအရပါခက်ခဲတဲ့ကာလမှာဆိုတော့
မတတ်နိုင်ဘူးပေါ့။ ဒီလိုနဲ့၁၉၅၃ခုနှစ်မှာသူတို့နေ
ထိုင်တဲ့ကင်ယမ်မှာစစ်တပ်တွေနေ့စဉ်ရက်ဆက်
စစ်ပွဲတွေဖြစ်လာခဲ့တဲ့အတွက် ဟောင်ကောင်
ဝိတိုရိယတောင်နားကရွာတရွာကိုပြောင်းရွေ့ခဲ့
ရတယ်။အဲ့အချိန် လီလီချန်းမှာလဲကိုယ်ဝန်နဲ့
ပေါ့။ဒီကိုယ်ဝန်ကိုစစ်ဘေးပြေးလွှားရင်းနဲ့ပဲစစ်
တပ်ဆေးတပ်ကဆရာဝန်တချို့နဲ့မွေးဖွားခဲ့ရပါ
တယ်။အချိန်အားဖြင့် ၁၉၅၄ခုနှစ် ဧပြီလ ၇ရက်
နေ့မှာပေါ့။သူတို့ရဲ့သားလေးနာမည်ကိုအဖိုးနာ
မည်ဖြစ်တဲ့ ချန်းကောင်းဆောင် လို့ပေးခဲ့ပါတယ်။
ဖခင်ကတော့ချစ်စနိုးနဲ့ ပွာပွာလို့ပေးခဲ့တယ်။သူ
ကတော့တခြားသူမဟုတ်ဘူး နောက်တချိန်မှာ
ကမ္ဘာ့ရုပ်ရှင်လောကမှာ အထင်ကရမင်းသားကြီး
တယောက်ဖြစ်လာမယ့် #ဂျက်ကီချမ်း ပါပဲ။
.
.
.
.          " ကျတော်ပညာကောင်းကောင်း
            မသင်ခဲ့ရဘူး။ ပြောရရင်ပညာတတ်
            တယောက်ဖြစ်ဖို့ကျတော်ဥာဏ်မမှီ
            ဘူး။ ဒါပေမယ့်ဒီကမ္ဘာကြီးကပညာ
            တတ်တွေ ဘွဲ့ရတွေအတွက်ပဲဖြစ်
            တည်နေတာမဟုတ်ဘူး။အတန်းပညာ
            ထက်အသိပညာအတတ်ပညာက
            လောကကြီးအတွက်တကယ်လိုအပ် 
            တယ်လို့ယူဆတယ်။ "

                           Jackie  Chan

            " ဘွဲ့လက်မှတ်မှာ မင်းအောင်မြင်မူ 
               မင်းဘဝကိုတံဆိပ်ကပ်မထားဘူး။
               မင်းဘဝကို မင်းကိုယ်တိုင်တံဆိပ်
               ကပ်ရမှာ။ ဘယ်တက္ကသိုလ်ကမှ
               ကပ်ပေးမှာမဟုတ်ဘူး"

                            Jackie Chan

            ဂျက်ကီကိုမွေးတော့သူတို့မိသားစုဟာ
သာမာန်မိသားစုလေးပါပဲ။ ဒါပေမယ့်ဖခင်ဖြစ်သူ
ချာလီရဲ့အမြော်အမြင်ရှိမူကြောင့် သားဖြစ်သူကို
ပညာတတ်တယောက်ဖြစ်စေချင်တဲ့အတွက်
သူ့ရဲ့မဖြစ်မလောက်ပိုင်ဆိုင်မူနဲ့စစ်ဘေးသိပ်မ
သင့်တဲ့ဟောင်ကောင်မြို့ပေါ်ကိုပြောင်းရွေ့ခဲ့ပါ
တယ်။ လက်ရှိ 32 Road လမ်းမကြီး ယခင်
သာမာန်လမ်းကြားလေးထဲကစားသောက်ဆိုင်
အပေါ်ထပ်ခန်းတခုမှာသူတို့ရဲ့မိသားစုဘဝကိုတ
ဖန်စတင်ခဲ့ပါတယ်။ ဒီလိုနဲ့ဂျက်ကီလေး၆နှစ်သား
ကိုရောက်လာချိန်မှာတော့ မူလတန်းကိုစထား
ရပီပေါ့။အံ့သြစရာကအဖေရောအမေပါအထက်
တန်းအောင်ကြသူတွေ ဦးလေးဖြစ်သူဆိုတရုတ်
စစ်တပ်ရဲ့ဂုဏ်ထူးဆောင်ပညာသင်ဆုကိုပါရခဲ့
သူ။ ဒါပေမယ့်ဂျက်ကီကတော့ တစ်တန်း၂ခါကျ
တယ်။၃ခါမြောက်ပြန်တက်တော့လဲကျတယ်။
ဒါကြောင့်ပဲဖခင်ဖြစ်သူဟာ သူ့သားဟာပညာရေး
ဖက်မှာထူးချွန်သူမဟုတ်ဘူးလို့ယူဆခဲ့ပီးကျောင်း
ဆက်မထားခဲ့ပါဘူး။ ဂျက်ကီကတခြားကလေး
တွေနဲ့တော့မတူဘူး လူမကြောက်တတ်ဘူး
တခါတလေ ဟာသလေးတွေလုပ်ပြပီးလူကြီး
တွေဆီကနေမုန့်တောင်းစားတတ်တယ်။သူ့ကို
ချစ်တဲ့ချာလီရဲ့သူငယ်ချင်း တယောက်ရှိတယ်။
သူကဂျက်ကီလေးကိုသူရိုက်နေတဲ့ဗီဒီယိုကား
မှာကလေးသရုပ်ဆောင်အဖြစ်ထည့်ချင်တယ်လို့
ပြောလာတော့ဂျက်ကီကိုယ်တိုင်ကလုပ်မယ်
ချည်းပြောနေရာကနေ ဂျက်ကီအသက်၅နှစ်သား
မှာပထမဆုံးကလေးသရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။
အဲ့ဒီကနေစပြီးဂျက်ကီဟာသရုပ်ဆောင်ပညာကို
ဝါသနာပါခဲ့ပီး ဗီဒီယိုကားလေးတချို့မှာပါခဲ့ရပါ
တယ်။သူအရမ်းကြိုက်တာက ချာလီချာပလင်။
မှတ်မှတ်ရရ ဟောင်ကောင်ကချာလီချာပလင်
သရုပ်ဆောင်ပွဲမှာ ဂျက်ကီပထမဆုရခဲ့တယ်။အဲ့
တုန်းကသူ့အသက်၆နှစ်ခွဲပဲရှိပါသေးတယ်။ဒါပေ
မယ့်မိဘတွေရဲ့ထောက်ပံ့မူအားနည်းလို့တခြား
ကလေးသရုပ်ဆောင်တွေလို သူနေရာမရခဲ့ပါ
ဘူး။ ဒီလိုနဲ့ဂျက်ကီဟာ သူ့ဝါသနာကိုမေ့ပီး
လောကကြီးထဲကျရာအလုပ်လုပ်ရတဲ့ပညာမ
တတ်တွေရဲ့လမ်းစဉ်အတိုင်းလျှောက်ခဲ့ရပြန်ပါ
တယ်။ ဒါကြောင့်ပဲဂျက်ကီဟာ ဟောင်ကောင်
ကခေါ်တဲ့အလုပ်ကြမ်းသမားလျှောက်လွှာနဲ့အ
တူသြစတေးလျကိုဆောက်လုပ်ရေးအလုပ်ကြမ်း
သမားလုပ်ဖို့လိုက်ခဲ့ရပါတော့တယ်။

                " ကြိုးစားမူတိုင်းမှာပြန်ရမူဆိုတာ
                   ရှိတယ်။ အချိန်ကြာတာနဲ့မကြာတာ
                  ပဲကွာတယ်။ ကျတော့မှာအိမ်မက်
                   တခုရှိတယ်ဆိုပီး အိပ်နေရင်တော့
                   အဲ့ဒိအိမ်မက်ဟာ မင်းနိုးလာလို့
                   မျက်နှာသစ်လိုက်တာနဲ့ပျောက်သွား
                   မှာပဲ။ အိမ်မက်ဆိုတာ လက်တွေ့ကို
                   အကောင်အထည်ဖော်ဖို့အခန်း၁ပဲ။"

                                  Jackei Chan

            ဒီလိုနဲ့အလုပ်ကြမ်းသမားဘဝမှာလဲဂျက်
ကီဟာသူ့အိမ်မက်ကိုမမေ့ထားခဲ့ပါဘူး။အလုပ်
နားချိန်သူ့လိုပဲအလုပ်ကြမ်းသမားတွေကြားသီ
ချင်းဆိုပြတယ်။ ဟာသသရုပ်ဆောင်ပြတယ်။ဒါ
ကြောင့်လဲဂျက်ကီဟာလူဖြစ်လူခင်တော်တော်
ပေါခဲ့ပါတယ်။ Jackie ဆိုတဲ့နာမည်ကလဲသူ့ကို
အလုပ်ကြမ်းသမားတွေကချစ်စနိုးနဲ့ပေးခဲ့တဲ့နာ
မည်ပါ။ဒါကိုမှသူ့နာမည်ရင်း Chanနဲ့ပေါင်းပီး
ဂျက်ကီချန်းလို့ပေးခဲ့တာပေါ့။ ဒီလိုနဲ့အလုပ်ပိတ်
ချိန်သူ့မိဘတွေရှိတဲ့ဟောင်ကောင်ကိုသူပြန်လာ
ခဲ့တယ်။ အဲ့အချိန်မှာသူအလုပ်ကြမ်းလုပ်ရင်းသိ
ခဲ့တရုတ်နိုင်ငံသား ရှောင်ချီပေါင် ဆိုတဲ့လူက
'"မင်းငါရိုက်နေတဲ့ကားတွေမှာလိုက်ကူပါလား"
လို့ပြောခဲ့တယ်။ အချိန်အားဖြင့်၁၉၇၀ခုနှစ်
လောက်မှာပေါ့။ဒါကဂျက်ကီဟာသူ့အိမ်မက်ကို
ပြန်မက်ခွင့်ရဖို့ဖြစ်လာတဲ့အခွင့်အရေးပါ။ဒါ
ကြောင့်ပဲဂျက်ကီဟာ ရှောင်ချီပေါင်နဲ့လိုက်ရင်း
သရုပ်ဆောင်လောကကိုတိုးခဲ့ပါတယ်။ဒါပေမယ့်
လူကြမ်း မင်းသားသူငယ်ချင်း ဖြစ်လျှောက်။
သူပါတဲ့အဓိကဇာတ်ဆောင်ကားတွေကလဲတ
ကားမှအရည်အသွေးမရှိတဲ့ကားတွေချည်း။ဒီလို
၆နှစ်နီးပါးလိုက်ပါရင်း တရက်သူ့ကိုစတန့်လူစား
ထိုးနေရာကိုကမ်းလှမ်းလာပါတော့တယ်။ဂျက်
ကီက ရှေ့မှာလဲစတန့်လူစားထိုးတွေကိုအသေ
အကြေလုပ်ခဲ့တာကိုသူကမြင်ထားတယ်။သူက
တော့တခြားသူမဟုတ်ဘူး။ Willie Chanရုပ်
ရှင်ထုတ်လုပ်ရေးပိုင်ရှင်။ ဂျက်ကီလက်ခံခဲ့ပါ
တယ်။ တကယ်တမ်းဘယ်သူနဲ့တွဲလုပ်ရမလဲ
မေးချိန်မှာသူအံ့သြသွားခဲ့တယ်။ ဘရုစ်လီ တဲ့။
ဘရုစ်လီက တကယ့်သူရဲကောင်းကြီး။ဒါပေမယ့်
ဘရုစ်လီရဲ့ ကိုယ်စားပါဝင်ရိုက်ကူးပေးခဲ့တယ်။
New First Of Fusy ကား။ဒါပေမယ့်ဒီကားက
လုံးဝမအောင်မြင်ခဲ့ဘူး။ ပြသနာကတော့ဂျက်ကီ
ရဲ့သတ်ပုတ်မူတွေကဟာသဆန်နေတယ်။ဘရုစ်
လီလိုမာန်မပါဘူး။ ဒီလိုနဲ့ထပ်ပီးတပိန်ပိန်တလိမ်
လိမ်သရုပ်ဆောင်ဘဝကိုထပ်ဖြစ်ခဲ့ရပြန်တယ်။
ဒီလိုနဲ့ ၁၉၈၀ရောက်တဲ့အထိ ဂျက်ကီချမ်းဟာ
ဖြစ်ဖြစ်မြောက်မြောက်ရုပ်ရှင်ကားတကားမှမရှိခဲ့
ပါဘူး။ ဒါပေမယ့်တရက် သူ့ကိုမင်းသားရဲ့စတန့်
နေရာတွေမှာလူစားထိုးရိုက်ဖို့ဒါရိုက်တာ ရှန်ဂီက
ကမ်းလှမ်းခဲ့ပါတယ်။ ရှန်ဂီဟာဒီကားကိုအစအ
ဆုံးဒီကားကိုPlanချပြီးချိန်မှာတော့ကားမတော်
တဆတခုကြောင့်ကွယ်လွန်ခဲ့ပါတော့တယ်။ဂျက်
ကီချမ်းကဒီကားကိုသူသိပ်ကြိုက်တယ်။ဒါပေမယ့်
သူ့အနေအထားနဲ့မရိုက်နိုင်ဘူး။ ဒီတော့သူရင်း
လိုက်တယ်။ သူ့မိသားစုပိုင်တဲ့တိုက်ခန်းလေးကို
ရောင်းပီးဒီကားကိုသူကိုယ်တိုင်ဒါရိုက်တာလုပ်
သူကိုယ်တိုင်မင်းသားလုပ်ရိုက်ခဲ့ပါတော့တယ်။
ဒီကားကတော့ဂျက်ကီချမ်းဆိုပြီး တရုတ်နဲ့အာရှ
မှာနာမည်ကြီးစေခဲ့တဲ့ The Young Master
ကားပါပဲ။ ဒီကားဟာ ဟောင်ကောင်ဒေါ်လာ
၁၁သန်းအထိရခဲ့သလို ဘရုစ်လီစံချိန်တင်ထား
တဲ့ဟောင်ကောင်ရုံလက်မှတ်စံချိန်ကိုပါချိုးခဲ့ပါ
တယ်။ဒါကJackie Chan ဆိုပီးအာရှမှာလူသိ
လာစေဖို့ဖြစ်လာခဲ့တဲ့ပထမအပိုင်းပါပဲ။

        The Young Master ပီးနောက်မှာတော့
The Big Brawl / The Gold Hunters /
Dragon Lord စတဲ့ကားတွေနဲ့Jackie Chan
ဟာဟောင်ကောင်ရှပ်ရှင်လောကမှာစတင်နာ
မည်ရခဲ့ပါတော့တယ်။ Jackie Chanမှာထူးခြား
တာတခုရှိတယ်။ ဒါကသူရိုက်မယ့်ကားတိုင်းကို
လူစားမထိုးဘူး Actiomပိုင်းတွေကိုလူကြမ်း
တွေနဲ့ကိုယ်တိုင်အချိန်ယူကျင့်တယ်။သူနဲ့တွဲ
ဖက်လုပ်ကိုင်တဲ့လူကြမ်းတွေနဲ့ Jackie Chan
ဟာတခြားActionမင်းသားတွေလိုမတူအောင်
ဘာလုပ်မလဲစဉ်းစားခဲ့တယ်။ဒီတော့သူတီထွင်
မူတခုကိုလုပ်ခဲ့တယ်။ ဒါကသူနဲ့ချမယ့်လူကြမ်း
တွေနဲ့အသံအချိတ်အဆက်သင်္ကေတတခုလုပ်
တယ်။ချမယ့်ကောင်ကဘယ်လိုချမယ်ဆိုဘယ်
လိုတချက်အော်ပီးမှဝင်ဒီလိုပေါ့။ ဒီအသုံးပြုချက်
ကိုပထမဆုံးသူစသုံးတာက Police Story။
Police Story ကလဲ Jackie Chanကိုအာရှမှာ
တင်မက အနောက်နိုင်ငံတွေအထိပါတိုးစေခဲ့တဲ့
ဇာတ်ကားတွေပါ။၁၉၈၄ ခုနှစ်မှာ PS 1 ကိုရုံတင်
တယ်။ ၁၉၈၇ခုနှစ်မှာ PS 2 ကိုရုံတင်လာတယ်။
ဒီကားဟာ ဟောင်ကောင်Film Awardကိုရခဲ့သ
လို တော်တော်လဲအောင်မြင်ခဲ့ပါတယ်။ အဲ့ဒီ
နောက်မှာတော့ Jackie Chan ဟာအောင်မြင်
တဲ့ရုပ်ရှင်ကားတကားပြီးတကားထွက်ခဲ့သလို
Police Story 3/4 ထွက်ပီးချိန်မှာတော့Jackie
Chan ဟာအာရှရဲ့ No.1ဆိုတဲ့နေရာကိုရလာခဲ့
ပါတယ်။ ဒီကားတွေအပြီးမှာသူ့ဘဝရဲ့အခက်ခဲ
ဆုံးကားတကားဖြစ်လာတဲ့ ကားတကားကိုရိုက်
ဖို့  Benny Chan ဆိုတဲ့သူ့အသိဒါရိုက်တာက
အမေရီကန်ကိုလှမ်းခေါ်ပါတော့တယ်။ဒီကားမ
ရိုက်ခင် ၄လတိတိရိုက်ကွင်းနေရာတွေကိုပြင်
ဆင်ခဲ့သလို Jackie Chanဟာလဲစတန့်နေရာ
တွေအတွက် ၇လတိတိပြင်ဆင်ခဲ့ပါတယ်။အဲ့ဒိ
ကားကတော့ မြန်မာပြည်မှာရောအာရှမှာတော့
ကမ္ဘာမှာပါလူကြိုက်များခဲ့ပီး စတန့်ပြကွက်အ
များဆုံးကားအဖြစ်စံချိန်တင်ခဲ့တဲ့ Who Am I
ရုံရှင်ကားကြီးပါပဲ။ ဒီကားဟာJackie Chan
ဆေးရုံ၆ခါတက်ရ နံရိုး၅ချောင်းကျိုး နှာခေါင်းရိုး
ပါးရိုး လက်ဖျင်ရိုးတွေအထိကျိုးခဲ့တဲ့အထိရင်း
ခဲ့သလို Hollywood ရုပ်ရှင်သမိုင်းမှာပါမရှိသေး
တဲ့စံချိန်တခုကိုချိုးခဲ့ပါတယ်။ဒီကားဟာအောင်
မြင်မူများစွာရခဲ့သလိုAction တခန်းကို၆ရက်နှုန်း
အထိရိုက်ခဲ့ရပီး ၁၉၉၈ခုနှစ် ဇန်နဝါရီလ ၁၇ရက်
နေ့မှာစတင်ပြသခဲ့ပါတယ်။

              " ဝန်ခံရရင် စတန့်တွေလုပ်တိုင်း
                ကျတော်ကြောက်တယ်။ Who
                Am I တုန်းက Willemswearf
                ကခုန်ဆင်းတုန်းကဆိုအားလုံး
                ကမဖြစ်နိုင်ဘူး တားကြတယ်။
                ဒါပေမယ့်ကျတော်Cameraman
                နဲ့တိုင်ပင်ပီး Benny ခွင့်မပြုတဲ့ကြား
                 ကခုန်ဆင်းခဲ့တယ်။

                ကြောက်ရွံမူတိုင်းရဲ့အဆုံးမှာ
                အောင်မြင်မူရှိတယ်လို့ကျတော်
                ယုံကြည်တယ်။ "

                        Jackie Chan

             ဒီကားအပြီးမှာတော့ လူမည်းမင်းသား
Chris Tucker နဲ့တွဲပီးသရုပ်ဆောင်ခဲ့တဲ့Rush
Hour ကားကြီးရုံထပ်တင်လာတယ်။ ဒီကားဟာ
အမေရီကန်ဒေါ်လာသန်း၁၃၀ထိရခဲ့သလို
Jackie ChanဟာလဲHollywood ရုပ်ရှင်လော
ကကိုတိုးနိုင်ခဲ့ပါတယ်။ ဒီကားအပြီးမှာတော့
Jackie Chanကိုကမ္ဘာကသိစေခဲ့တဲ့ကားတွေ
တကားပီးတကားထွက်လာခဲ့ပါတယ်။The
Myth လိုကားတွေကိုသင်ကြိုက်ခဲ့မှာဖြစ်သလို
Dragon Blade လိုကားလဲသင်ကြိုက်မိခဲ့မှာပဲ။
Jackie Chanရဲ့ကားတကားချင်းစီကိုပြောနေ
ရင်ပြီးမယ်တောင်မထင်ဘူးပေါ့ဗျာ။ Jackie
Chan ဟာရုပ်ရှင်အပြင် 3D Annimationလော
ကမှာပါအောင်မြင်ခဲ့သူပါ။ ဥပမာ Kung Fu
Panda လိုကားတွေမှာသူပါဝင်ခဲ့သလို 3S
ကာတွန်းကားတွေမှာလဲသူပါဝင်ခဲ့တယ်။ဒါပဲလား
ဆိုJackie Chanဟာဂီတလောကမှာလဲအနေ
အထားမသေးသူပါ။ သူကိုယ်တိုင်ဇာတ်ဝင်တေး
များစွာကိုဆိုခဲ့သလို Albumအချပ်ရေ၂၀ထိ
ထုတ်ထားခဲ့သူပါ။

        တချိန်ကအလုပ်ကြမ်းသမား ရုပ်ရှင်လော
ကထဲဝင်တော့လဲအောက်ခြေသိမ်းသမားအစ
အပြာကားမင်းသားအထိရိုက်ခဲ့ရသူ ။ရုပ်ရှင်စ
ရိုက်ချိန်လူမိုက်တွေရန်ကြောက်ရလို့ ရိုက်ကွင်း
ပျက်မှာစိုးလို့ သေနပ်ပါအိပ်ထဲထည့်ပီးအစောင့်
တယောက်လိုရုန်းကန်ခဲ့ရသူ။အနုပညာအတွက်
အိမ်ပါပေါင်မိသားစုပါရင်းပီးရုန်ကန်ခဲ့ရသူ။နှာ
ခေါင်း နံရိုး ကျောရိုး ဒူး ခါးနဲ့ လက် ခြေထောက်
အကုန်ကျိုးထားသူ ညာဖက်တင်ပါးဆုံရိုးစတီး
ရိုးထည့်ထားရသူ။ ဒါပေမယ့်လက်ရှိမှာJackie
Chan ဟာအာရှNo.1 မင်းသားဖြစ်လာသလို
ကွန်ဖူးပညာရှင် ဒါရိုက်တာ အဆိုတော် ထုတ်
လုပ်သူ စတန့်နည်းပြ အဖြစ်သမိုင်းတွင်ခဲ့ပါပီ။
သူရိုက်ခဲ့တဲ့ရုပ်ရှင်ကားပေါင်း ၁၄၀ကျော်ရှိခဲ့သလို
ဘာသာစကား၇မျိုးထိတတ်တဲ့မင်းသားလဲဖြစ်
ပါတယ်။ သူ့ကိုအာမခံCompanyတွေကလက်မ
ခံရလောက်တဲ့အထိ Jackie Chanဟာရုပ်ရှင်
လောကရဲ့ထိခိုက်ဒဏ်ရာအရဆုံးမင်းသားဖြစ်ပီး
သူ့စတန့်အဖွဲ့Sing Kar Panဟာလဲဘယ်အာမ
ခံCompanyကမှလက်မခံပါဘူး။ဒါတင်ပဲလား
ဆို Jackie Chanဟာ Dragon Lord ကားမှာ
၉မိနစ်ခွဲစာဇာတ်ဝင်ခန်းကို ၁၁ရက်Reheral
အကြိမ်ရေပေါင်း ၂၉၇၀ ပြန်ရိုက်ခဲ့လို့အဲ့ဒိဇာတ်
ဝင်ခန်းဟာ Rehersal အကြိမ်ရေအများဆုံးအ
ဖြစ်ဂင်းနစ်စံချိန်တကြိမ် / Who Am I ဇာတ်
ကားနဲ့ကမ္ဘာ့ရုပ်ရှင်းသမိုင်းမှာစတန့်ပြကွက်အ
များဆုံးကားအဖြစ်စံချိန်တင်ခဲ့မူတကြိမ် /
ကမ္ဘာ့စတန့်အကြိမ်ရေအများဆုံးမင်းသားအဖြစ်
ဂင်းနစ်စံချိန်တကြိမ် / Zodiac (2012)ခုနှစ်
ကားနဲ့ စာရေးဆရာ ဒါရိုက်တာ ခေါင်းဆောင်မင်း
သား ထုတ်လုပ်သူ တေးရေး တေးဆို အပါအ
ဝင် တကားထဲ တာဝန်ကြီး၁၇ခုကိုယူခဲ့ပြီး
ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့တာဝန်ယူမူအများဆုံး
တဦးထဲအဖြစ် ဂင်းနစ်စံချိန်တကြိမ် တင်ခဲ့သူပါ။
တခြားဆုတွေကတော့ ပြောနေစရာတောင်မလို
တော့ဘူးပေါ့။ Jackie Chanဟာပရဟိတသမား
တယောက်ဆိုလဲမမှားပါဘူး။ JCCF ပညာရေး
ဖောင်ဒေးရှင်းကို ၁၉၈၈ခုနှစ်မှာထောင်ခဲ့သလို
UNICEF ရဲ့သံတမန်လဲဖြစ်ပါတယ်။ တရုတ်
ပြည်ရဲ့ပညာရေးသံတမန်ဖြစ်သလို တရုတ်
ကျောင်းမနေရကလေးသူငယ်တွေကိုလဲကျောင်း
ထေားပေးသူပါ။ ဒါ့အပြင်တခြားပရဟိတများ
စွာကိုလုပ်ခဲ့သူလဲဖြစ်ပါတယ်။ မကြာသေးခင်
ကကြေငြာတဲ့ ကမ္ဘာ့အနုပညာကြေးအများဆုံး
မင်းသားစာရင်းမှာလဲJackie Chan'ဟာဒုတိယ
နေရာမှာရပ်တည်နေပီး အာရှမှာ SRK AMK
တို့Bollywood / ဂျက်လီ တို့ကိုပါကျော်ပီးရပ်
တည်ခဲ့ပါတယ်။ Jackei Chan စတန့် Studio
JC ရုပ်ရှင်ထုတ်လုပ်ရေး Jackie Chan အကယ်
ဒမီကျောင်းအပါအဝင် စီးပွားရေးလုပ်ငန်းများစွာ
ကိုလဲပိုင်ဆိုင်ထားနိုင်ခဲ့ပါပီ။ မကြာခင်မှာ
Aamir Khan နဲ့ ကွန်ဖူးယောဂ ကားကလဲစိတ်
ဝင်စားစရာပေါ့။

           " လွယ်တဲ့အရာကိုမပျော်နဲ့
             အောင်မြင်တဲ့လမ်းတိုင်းက
             ခက်ခဲမှ  ပိုကြာရှည်ခံတာ "

         " စိတ်မပါရင် ရေခွက်တောင်
           မကိုင်နဲ့ စိတ်ပါပီဆိုရင်တော့
           မင်းသောက်မယ့်ရေကြည်ကို
           မင်းကိုယ်တိုင်တူးလိုက်"

         " ကိုယ်ကျင့်တရားကိုသိသ၍
           ခဗျားအမှောင်ထဲမရောက်ဘူး။
           ကိုယ်ကျင့်တရားပျက်ပီဆို
           ဘယ်တော့မှအလင်းကိုမတွေ့ဘူး။"

      " အောင်မြင်မူဆိုတာ အိမ်မက်တွေက
        လာတာပါ။ ကြောက်တတ်ရင် အိမ်မက်
        ထဲပဲ ခဗျားဟာ အောင်မြင်သူဖြစ်လိမ့်မယ်။"

     " လူတိုင်းမသေတဲ့လူမရှိဘူး။
       နာမည်ကောင်းနဲ့သေမလား
       နာမည်ဆိုးနဲ့ သေမလားဆိုတာတော့
       ကိုယ်ရေးတဲ့သမိုင်းပေါ်ပဲမူတည်တယ်။"

                          Jackie Chan

          သူတစ်တန်းမအောင်ခဲ့ဘူး။ သူသုညကစ
ခဲ့တယ်။ ဒါပေမယ့်သူဂင်းနစ်စံချိန်တင်ခဲ့တဲ့လူ
တယောက်ဖြစ်ခဲ့သလို ကမ္ဘာ့အအောင်မြင်ဆုံး
ဆိုတဲ့လူသားတွေထဲသူပါခဲ့တယ်။လက်ရှိမှာ
Jackie Chanဟာ တေးရေးတေးဆို ဒါရိုက်တာ
မင်းသား ထုတ်လုပ်သူ ကွန်ဖူးပညာရှင် ဂင်းနစ်
စံချိန်ရှင်အဖြစ် အာရှမှာရော ကမ္ဘာမှာပါလူတိုင်း
ချစ်တဲ့အနုပညာရှင်တယောက်ဖြစ်ခဲ့ပါပီ။

Ref : Jackie Chan Twitter
         Movie Stars ( American Time Blog)
         Twitter

[ Metal Music ဖက်ကဖြစ်တဲ့အတွက်ဒါမျိုး
ရုပ်ရှင်လောကရဲ့သူရဲကောင်းတယောက်အ
ကြောင်းရေးသားရာမှာလိုအပ်ချက်များရှိနိုင်ပါ
တယ်။ Jackie Chan ရဲ့အမာခံပရိတ်သတ်များ
နားလည်ပေးဖို့မေတ္တ္တာရပ်ခံပါတယ်။]

Credit-ထက်ဝန

Tuesday, April 18, 2017

ဂျူးလူမျိုးများ ကလေးပျိုးထောင်နည်း


__________________________

အစ္စရေး လူမျိုးလိုလည်း ခေါ်ကြပါတယ်။

ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံးသော လူမျိုးထဲမှာ ပါဝင်ပါတယ်။

သမိုင်းတစ်လျှောက်မှာလည်း အမျိုးမျိုးဖိနိပ်ခံရပြီး

တိုင်းပြည်ပျောက်ဆုံးသွားတဲ့အထိ ဆုံးရူံးခဲ့ကြပါတယ်။

ဒါပေမဲ့ ဂျူးလူမျိုးကို ကမ္ဘာမှာ ဥာဏ်ပညာအကောင်းဆုံးလူမျိုးလို့

သတ်မှတ်ကြပါတယ်။

၂၀၁၅ခုနှစ် ကမ္ဘာတစ်ခွင်မှာ ဂျူးလူမျိုး လူဦးရေး ၁၄.၂ သန်းရှိပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၀.၂%ရှိတဲ့ ဂျူးလူမျိုးဟာ....

ဂျူးလူမျိုးများဟာ ၂၀ ရာစုအတွင်း နိုဘယ်စုရှင်များရဲ့ ငါးပုံတစ်ပုံ ၊

အမေရိကန်နိုင်ငံ သြဇာအရှိဆုံးသူများစားရင်းထဲက ၅၀% ၊

အမေရိကန် နာမည်အကြီးဆုံးသော ပါမောက္ခတွေထဲမှာ ၃၀% ၊

အမေရိကန် စာပေ၊ တေးဂီတ၊ ပြဇာတ်လောက မှာ ၆၀%၊

ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်များ စာရင်းထဲမှာ ၅၀%၊

Forbes စားရင်းအရ ကမ္ဘာ့အချမ်းသာဆုံးသော ပုဂ္ဂိုလ် ၄၀ ထဲမှာ

ဂျူးလူမျိုးက ၁၈ ဦး တို့ဟာ ဂျူးလူမျိုးဖြစ်ကြသလို၊

သမိုင်းမှာ အလွန်ကျော်ကြားကြတဲ့

အိုင်စတိုင်း၊ ကားလ်မတ်စ်၊ တာအိုဝင် စသည်တို့ဟာ ဂျူးလူမျိုးဖြစ်ကြပါတယ်။

သုတေသနအရ ဒီလိုအောင်မြင်ရတဲ့ အကြောင်းရင်းအားလုံးထဲမှာ

ဂျူးလူမျိုးတို့ရဲ့ မိသားစုနီတိနဲ့ ကလေးပြုစုပျိုးထောင်တဲ့နည်းလမ်းများဟာ

အဓိကကျတယ်လို့ဆိုပါတယ်။

သူတို့ဘာတွေကို တန်ဖိုးထားလို့ ကလေးများကို

ဘယ်လိုသင်ကြားပျိုးထောင်ကြပါသလဲ။
_______________________

၁။ ကိုယ့်ကိုယ်ကို ရပ်တည် အားကိုးစေခြင်း

ကောင်းမွန်တဲ့ ကလေးပညာရေးဟာ တိုးတက်မူ အားလုံး ၊ ကောင်းကျိုးအားလုံးရဲ့ အခြေခံဖြစ်တယ်လို့ ဂျူးတို့က ယုံကြည်ပါတယ်။ ကလေးတွေရဲ့ လွတ်လပ်တဲ့တွေးခေါ်မူနဲ့ ကိုယ့်ကိုကို ရပ်တည်နိုင်မူ၊ မိမိကိုယ်ကို အားကိုးတတ်မူကို အလေးထား ပျိုးထောင်ပါတယ်။ ကလေးကို အချစ်လွန်ကဲတာမျိုး၊ ပိုးမွေးသလို မွေးတာမျိုးကို လုံးဝဆန့်ကျင်တယ်။ သူတို့စကားပုံတစ်ခုက ဒီလိုဆိုပါတယ်။ “ ၅ နှစ်ကလေးဟာ သင့်ရဲ့ အရှင်သခင်၊ ၁၀ နှစ်ကလေးဟာ သင့်ရဲ့ကျွန်၊ ၁၅ နှစ်ကလေးဟာ အဖေနဲ့တန်းတူဖြစ်သွားပြီ” တဲ့။ ဆိုလိုတာက ၅ နှစ်ကလေးဆိုရင် အတတ်နိုင်ဆုံး ချစ်မယ်။ ပျိုးထောင်မယ်။ ၁၀ ကျရင် သူနိုင်တဲ့ဝန်ကို ထမ်းခိုင်းမယ်။ မိဘများက သူနိုင်သမျှ အချိန်ရရင်ရသလို ခိုင်းရမယ်။ ၁၅ နှစ်ကျရင် ကိုယ်ပိုင်ဆုံးဖြတ်တတ်စေရမယ်။

၂ ။ စာအုပ်ချစ်တဲ့ဓလေ့

ကလေးများသိတတ်ခါစအရွယ်မှာပဲ ဂျူးမိသားစုများဟာ ပျားရည်တစ်စက် တို့ထားတဲ့ ကျမ်းစာအုပ်ကို ကလေးအားနှမ်းရူပ်စေပါတယ်။ ဆိုလိုရင်းကတော့ စာအုပ်ဟာ အလွန်ချိုမြိန်ကြောင်း၊ နှစ်သက်စရာ အလွန်ကောင်းကြောင်း သိစေတဲ့ သဘောပါ။ ဂျူးမိသားစုတိုင်းလိုလို စာအုပ်စင်ထားရှိပြီး စာအုပ်စင်များကို ခေါင်းအုံးဘက်မှာ ထားရပါတယ်။ စာအုပ်ဆိုတာ ချစ်ရုံတင်နဲ့ မပြီးပဲ လေးစားရတဲ့သဘောပါရှိပါတယ်။ သူတို့ကိုသူတို့လည်း စာအုပ်ချစ်တဲ့လူမျိုးလို့ တင်စားကြတယ်။ သုတေသန စာတမ်းအရ အသက် ၁၄ နှစ်အထက် ဂျူးကလေးများဟာ တစ်လအနည်းဆုံး စာအုပ်တစ်အုပ်ဖတ်ပြီးတယ်လို့ဆိုပါတယ်။

၃။ ဥာဏ်ပညာကို အလေးထားတတ်အောင် ပျိုးထောင်ပေးခြင်း

ဂျူးမိသားစုထဲမှာ ကလေးများနည်းနည်းအသိရှိလာပြီဆိုရင် မိခင်ဖြစ်သူက ဒီလိုမေးမြန်းလေ့ရှိတယ်။ “တကယ်လို့ သားရဲ့အိမ်က မီးလောင်သွားတယ်၊ ပစ္စည်းတွေလည်း ဘာမှမကျန်အောင် အလုခံရတယ်။ သားဘာကိုယူပြီးထွက်ပြေးမလဲ” တဲ့ ၊ ကလေးက ရွှေတို့ ၊ ငွေတို့ ဖြေဆိုရင် မိခင်က ပြန်စဉ်းစားအုံး၊ အဲဒီပစ္စည်းဟာ အရောင်မရှိဘူး၊ အနံ့အရသာလည်း မရှိဘူးလို့ ပြန်ပြောလေ့ရှိပါတယ်။ သားက “ ဥာဏ်ပညာ” လို့ ဖြေဆိုနိုင်တဲ့ အထိ မိခင်က တစ်ဖြည်းဖြည်း လမ်းကြောင်းပေးပါတယ်။ ကျနော်တို့ ဆီက ပညာရွှေအိုး လူမခိုးနဲ့ ခတ်ဆင်ဆင်တူပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကလေးတွေ သူဖာသာသူသိစေတာမျိုးမဟုတ်ပဲ မိဘနဲ့ဆရာများက တိုက်ရိုက်ပြောပြတာများနေပါတယ်။

၎။ စာအုပ်အများကြီးကို ၀န်တင်ထားတဲ့ “လား” မဖြစ်ပါစေနဲ့

စာတအားဖတ်တော့ ဒီစကားပုံ ပေါ်ပေါက်လာတယ်လို့ ယူဆရပါတယ်။ ကလေးများကို ငယ်ငယ်ကတဲက စာဖတ်အောင် သွန်သင်ပေးကြတယ်။ ပြီးရင် စဉ်းစား တတ်အောင် ပျိုးထောင်ပေးကြပါတယ်။ သူတို့အယူအဆအရ ဖတ်မှတ်လေ့လာခြင်းဟာ အတုခိုးခြင်းတစ်မျိုးသာဖြစ်ပြီး စဉ်းစားတွေးခေါ်တတ်ခြင်း၊ ကိုယ်ပိုင်အမြင်ရှိခြင်းနဲ့ အသစ်ဖန်တီးတတ်ခြင်းသည်သာ အဓိကကျတယ်လို့ ယူဆပါတယ် ။ ဗဟုသုတ ကြွယ်ဝပြီး ဘာမှမလုပ်တတ်တဲ့သူကို စာအုပ်ကိုဝန်တင်ထားတဲ့ “ လား” လို့ စကားပုံနဲ့ ခိုင်းနိုင်းထားပါတယ်။

၅။ တွေးခေါ်ခြင်းဆိုတာ သံသယနဲ့ အဖြေတို့ ပူးပေါင်းပြီးဖြစ်ပေါ်လာတာပါ။

ဒါလည်းသူတို့ရဲ့ နာမည်ကြီးစကားပုံပါ။ မိဘစကား၊ ဆရာစကားအပါအ၀င် ဘယ်သူပြောတာပဲဖြစ်ဖြစ် သံသယ အရင်ဝင်ခိုင်းပါတယ်။ သံသယ၀င်မှပဲ အဖြေမှန်ထွက်တဲ့သဘောပါ။ ကျနော်တို့ဆီက ပြောတဲ့အတိုင်း နာခံမှ လိမ္မာမယ်ဆိုတဲ့ အယူအဆနဲ့ ကွဲလွှဲပါတယ်။

မိဘများ အထောက်အကူ ဖြစ်ဖို့ တင်ပြပေးလိုက်ပါတယ်။ နှစ်သက်နိုင်ကြပါစေ။

Ref: WeChat
Credit;Sayar Aung Ko Latt

Jackie_Chan ( အနောက်ကမ္ဘာကိုလွှမ်းမိုးဖို့ မွေးဖွားလာတဲ့အာရှသား (သို့ ) ကမ္ဘာ့ရုပ်ရှင်သ မိုင်းမှာလူသားတဦးမလုပ်နိုင်တာကိုလုပ်ပြခဲ့တဲ့ ဂင်းနစ်စံချိန်ရှင်(သို့)သုညတလုံးရဲ့အတ္ထုပတ္တိ

……………………………………………………………………… . . . . . . .              ဒုတိယကမ္ဘာစစ်အပြီးစစ်အတွင်းမှာ အသိမ်းခံရတဲ့နိုင်ငံတွေရော အသိမ်းမခံရတဲ့နိုင်ငံ ...

Feature Articles